မေတ္တာကို
အလျားအနံနဲ့
ဘောင်ခတ်ပြလို့မရသလို
ငါ့အချစ်တွေကိုလည်း
မင်းမြင်အောင်ပြဖို့
စကားရှာမရခဲ့ဘူး...ချစ်သူ။
-မေတ္တာမှာ
အသွားအပြန်ရှိသတဲ့
ငါ့ရဲ့
ချစ်ခြင်းမေတ္တာတွေ
နာရီမခြား..စက္ကန့်မနား
မင်းဆီသွားခဲ့ပေမယ့်
ငါ့ရင်မှာတော့
မင်းရဲ့
မေတ္တာကို
ငတ်
မွတ်
နေဆဲပါ...ချစ်သူ..။ ။
ရဝေသစ်(မြတမာ)
0 comments:
Post a Comment