တမ်းတမိတာ လွမ်းလို့ပါ

ချစ်တဲ့သူ ရေ

ရွှေမိုး ကလည်း မရွာဘဲနဲ့ ညို့နေတယ်

လွမ်းနေသူ ကို ပိုလွမ်းအောင် လုပ်နေသလိုပါပဲ

မြူတွေလွှမ်းလို့ တောင်တန်းတွေလည်း ငိုနေကြတယ်

မကြမ်းပဲတိုက်တဲ့ လေနုအေးကြောင့်

ရင်ထဲမှာတော့ မုန်တိုင်း တစ်ခု ဝင်နေသလို ခံစားရတယ်

ရေခြား မြေခြား ဒေသခြား လို့

တွေ့ခွင်မသာကြပေမဲ့လည်း

ရင်ထဲမှာမြဲ နင် ရှိတယ်

ချစ်တဲ့ ချစ်သူ ရေ

တမ်းတလွမ်းဆွတ်မှုတွေ နဲ့ ဝေးချင်ပါပြီ

0 comments:

Post a Comment